ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းကိုကျေးရွာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးစေ ခြင်း၊ သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာများပံ့ပိုးပေးခြင်း၊ ကျေးရွာသူ/သားများနှင့် ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင်ရည်မြင့်မားလာစေခြင်းဖြင့် စဉ်ဆက်မပြတ် ကျေးလက်ဖွံ့ဖြိုးမှုကို ဖော်ဆောင်ရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော နေချင့်စဖွယ် စံပြကျေးရွာများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ကျေးရွာအခြေခံအဆောက်အအုံဖွံ့ဖြိုးရေးက၊သွင်းအားစုနှင့် ငွေကြေး ဝန်ဆောင်မှုက၊ အသက်မွေးဝမ်းကျောင်းနှင့် ကျေးလက်စီးပွားမြင့်မားရေးက၊ အသင်းအဖွဲ့ ခိုင်မာ အားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်းက၊ လူမှုကာကွယ်စောင့်ရှောက်ရေးကနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးက စသည့်က (၆)ရပ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တွင် ကျေးရွာ (၂၆)ရွာအား တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး အစီရင်ခံသည့် ကာလတွင် တိုးချဲ့ကျေးရွာ (၂၆)ရွာနှင့် ဆောင်ရွက်ဆဲ ကျေးရွာ (၄၂)ရွာ၊ စုစုပေါင်းကျေးရွာ (၆၈)ရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်း စုစုပေါင်း (၁၇၃)ခုအား ဆောင်ရွက်လျက်ရှိရာ ဆောင်ရွက်ပြီး (၁၀၈)ခု၊ ဆောင်ရွက် ဆဲ (၆၅)ခု ဖြစ်ပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်