သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊ သန်လျင်နှင့် စစ်ကိုင်းတို့တွင် ၂၀၂၄-၂၀၂၅ ပညာ သင်နှစ်နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တို့မှ သင်တန်းနှစ်အသီးသီးအား ဖွင့်လှစ်သင်ကြားလျက်ရှိရာ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၌ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၅၈၆) ဦးနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (စစ်ကိုင်း)၌ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၁၈၅)ဦး တက်ရောက် သင်ကြားလျက်ရှိပါသည်။
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ဒဿမအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနား ကို ၉-၁၁-၂၀၂၅ ရက်နေ့တွင် ကျင်းပခဲ့ပြီး စီးပွားရေးသိပ္ပံဘွဲ့ (၂၈၁) ဦး၊ ဘွဲ့လွန်ဒီပလိုမာ (၁)ဦးနှင် မဟာဘွဲ့(၂)ဦး၊ စုစုပေါင်း ကျောင်းသား/ ကျောင်းသူ(၂၈၄) ဦးအား သက်ဆိုင်ရာဘွဲ့များ အပ်နှင်းပေးနိုင်ခဲ့ပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်