ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းကိုကျေးရွာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုး စေခြင်း၊ သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာများပံ့ပိုးပေးခြင်း၊ ကျေးရွာသူ/သားများနှင့် ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင်ရည်မြင့်မားလာစေခြင်းဖြင့် စဉ်ဆက်မပြတ် ကျေးလက်ဖွံ့ဖြိုးမှုကို ဖော်ဆောင် ရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော နေချင့်စဖွယ် စံပြကျေးရွာများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ကျေးရွာအခြေခံအဆောက်အအုံဖွံ့ဖြိုးရေးက၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှုက၊ အသက်မွေးဝမ်းကျောင်းနှင့် ကျေးလက် စီးပွားမြင့်မားရေးက၊ အသင်း အဖွဲ့ ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်းက၊ လူမှုကာကွယ်စောင့်ရှောက်ရေး ကနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးက စသည့်က (၆)ရပ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျေးရွာ(၂၆)ရွာအား တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး အစီရင်ခံသည့်ကာလတွင် တိုးချဲ့ကျေးရွာ (၂၆)ရွာနှင့် ဆောင်ရွက်ဆဲ ကျေးရွာ(၄၂)ရွာ၊စုစုပေါင်း ကျေးရွာ (၆၈)ရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်း စုစုပေါင်း (၁၇၃)ခုအား ဆောင်ရွက်ခဲ့ရာ လုပ်ငန်းအားလုံး (၁၀၀%) ဆောင်ရွက်ပြီးဖြစ်ပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်