Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဓ) သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်၊ စစ်ကိုင်း) ဖွင့်လှစ်ဆောင်ရွက်နိုင်မှု

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် သန်လျင်နှင့် စစ်ကိုင်းတို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တို့မှ သင်တန်းနှစ်အသီးသီးအား ဖွင့်လှစ်သင်ကြား လျက်ရှိရာ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၌ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၈၈၄)ဦးနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (စစ်ကိုင်း)၌ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၄၁၉)ဦး တက်ရောက် သင်ကြားလျက်ရှိပါသည်။

               သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)အနေဖြင့် တက္ကသိုလ်မှမွေးထုတ်ပေး လျက်ရှိသော လူ့စွမ်းအားအရင်းအမြစ်များအား လုပ်ငန်းခွင် အတွေ့အကြုံရရှိစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် ကုမ္ပဏီအဖွဲ့အစည်းများအတွက် လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ် (Human Resources) များရရှိစေရန် ရည်ရွယ်၍ Career Fair ကို နှစ်စဉ်ကျင်းပလျက် ရှိရာ UCMT CAREER & INTERNSHIP FAIR 2026 ကို ၂၅-၂-၂၀၂၆ ရက်နေ့တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

               သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)တွင် တက္ကသိုလ်တည်ထောင်သည့် (၁၄)နှစ် မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ၆-၂-၂၀၂၆ ရက်နေ့တွင် ကျင်းပခဲ့ရာ စာတမ်းရှင် (၁၂)ဦးမှ ဒေသအကျိုးပြုစာတမ်း (၅)စောင်၊ အဖွဲ့အစည်းအကျိုးပြုစာတမ်း (၂)စောင်၊ ဘာသာရပ် အကျိုးပြုစာတမ်း (၄)စောင်နှင့် တက္ကသိုလ်အကျိုးပြုစာတမ်း (၁)စောင်၊ စုစုပေါင်းစာတမ်း (၁၂)ကို ဖတ်ကြားတင်သွင်းခဲ့ပါသည်။  

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်