“သက်တန့်ရောင် စီမံကိန်း” ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၂၅၀)ဖြင့် မန္တလေးတိုင်းဒေသကြီး၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အစီရင်ခံသည့် ကာလအထိ မွေးမြူရေးလုပ်ငန်းအတွက် မိတ္ထီလာမြို့နယ်ရှိ သမဝါယမအသင်း (၃)သင်း၊ အသင်းသား (၂၁)ဦးသို့ ငွေကျပ်သန်း (၁၀၀)နှင့်ညီမျှသော နို့စားနွား (၅၀)ကောင်ကို ပံ့ပိုးနိုင်ခဲ့ပြီး အစီရင်ခံသည့် ကာလတွင် စပ်မျိုးနွားသားပေါက် (၁၁)ကောင် တိုးပွားလာပြီဖြစ်ပါသည်။ စက်ကိရိယာပံ့ပိုးခြင်း လုပ်ငန်းအတွက် ကျောက်ဆည်မြို့၊ ပတ္တာစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းသို့ ကျပ်သန်း(၁၅၀)တန်ဖိုးရှိ ရိတ်သိမ်းခြွေလှေ့စက်(၁)စီးကိုလည်းကောင်း ဝယ်ယူပံ့ပိုးပေးပြီး ဖြစ်ပါသည်။
စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရန်အတွက် နေပြည်တော်၊ ပဲခူး၊ မကွေး၊ မန္တလေး စသည့် တိုင်းဒေသကြီး/ ပြည်နယ်(၄)ခုတွင် မြို့နယ်(၁၆)မြို့နယ်၊ အသင်း(၅၉)သင်း၊ သမဝါယမအသင်းသား တောင်သူ (၁၃၉၇)ဦးသို့ အထွက်တိုး မျိုး (၂၂၅၆)တင်း၊ ကျပ် (၉၆.၈၇၅)သန်း၊ ပုလဲဓာတ်မြေဩဇာ (၂၁၉၈) အိတ်၊ ကျပ် (၂၁၆.၆၆၈)သန်း၊ ကွန်ပေါင်းမြေဩဇာ (၁၇၆၃) အိတ်၊ ကျပ် (၂၂၃.၆၁၆) သန်း၊ သဘာဝမြေဩဇာ (၇၈၄)အိတ်၊ ကျပ်(၉၀.၃၇၇)သန်း၊ ရုရှားသဘာဝဆေး(၁၄၂)အိတ်၊ ကျပ် (၃.၅၅၀) သန်း၊ Gypsum ကျောက်မှုန့်(၂၅၇)အိတ်၊ ကျပ်(၃.၅၉၈)သန်း၊ စိုက်ပျိုးစရိတ်ငွေကျပ်(၃၉၈.၈၄၄)သန်း၊ စုစုပေါင်း ကျပ် (၁၀၃၃.၅၂၈)သန်းအား ပံ့ပိုးပေးပြီးဖြစ်ပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်