စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများနှင့် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ကိုင်သူ များအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများရရှိစေရန်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း များအား အစုအဖွဲ့စနစ် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်၊ မိသားစု ဝင်ငွေတိုးပွားစေရန်၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိလာစေရန်နှင့် ဒေသထွက်ကုန်အပေါ် အခြေခံသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ကျေးလက်စီးပွား မြင့်မားရေး ရန်ပုံငွေထူထောင်ပေးခြင်းလုပ်ငန်းကို ကျေးရွာယူနစ် (၁) ယူနစ်လျှင် နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေကျပ်သန်း (၃၀)နှုန်းဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ကျေးရွာယူနစ် (၇၄)ယူနစ်၊ ကျေးရွာ (၇၄)ရွာ တိုးချဲ့ဆောင်ရွက်ရန်လျာထားပြီး အစီရင်ခံသည့် ကာလတွင် စိစစ်ပြီးကျေးရွာယူနစ် (၂၅)ယူနစ်၌ စိုက်ပျိုးရေးအစုအဖွဲ့ (၁၇)ဖွဲ့၊ မွေးမြူရေး (၇၃)ဖွဲ့၊ ကုန်ထုတ်လုပ်ငန်းအဖွဲ့ (၉)ဖွဲ့၊ စုစုပေါင်း အစုအဖွဲ့ (၉၉)ဖွဲ့ဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းပြီးစီးမှု (၃၄ %)ဖြစ်ပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်