Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဘ) သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ကြီး၊ မန္တလေး) ဖွင့်လှစ်ဆောင်ရွက်နိုင်မှု

ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူများကို စာရင်းရေး၊ စာရင်းကိုင်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်စေရန်၊ သင်တန်းသားများအနက် ထူးချွန်သူများကို ရွေးချယ်၍ သမဝါယမကောလိပ်များနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူး၍ ပညာ ဆက်လက်သင်ယူနိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးရန်ရည်ရွယ်၍ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေး) များကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစ၍ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၁၅၁)ဦး တက်ရောက်သင်ကြားနိုင်ခဲ့ပြီး သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသဖြင့် သမဝါယမကောလိပ်များသို့ ပေါင်းကူးတက်ရောက်၍ ပညာဆက်လက်သင်ယူခွင့်ရရှိသည့် ကျောင်းသား/ ကျောင်းသူ(၁၈)ဦး၊ ပြင်ပသင်တန်းများနှင့် အခြေခံပညာကျောင်းများသို့ ဆက်လက် ပညာဆည်းပူးမည့် ကျောင်းသား/ကျောင်းသူ (၁၄)ဦးနှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဌာနဆိုင်ရာများ၊ သမဝါယမ အသင်းစုချုပ်များ၊ သမဝါယမအသင်းစုများ၊ သမဝါယမအသင်းများ၊ ကုမ္ပဏီများ၊ ဘဏ်များ၊ ပုဂ္ဂလိက လုပ်ငန်းများနှင့် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများတွင် အလုပ်အကိုင် ရရှိသူ (၁၁၉)ဦး ဖြစ်ပါသည်။

သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်းတို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ်သင်တန်းများကို ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောင်းသား/သူ စုစုပေါင်း(၅၀၉)ဦး တက်ရောက် သင်ကြား လျက်ရှိပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်