သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ စတုတ္ထနှစ် (ဒုတိယနှစ်ဝက်) သင်တန်းကို ၄-၁၀-၂၀၂၂ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ မဟာတန်း (ဒုတိယနှစ်) ပထမနှစ်ဝက် စာမေးပွဲအောင်စာရင်းကို ၁၄-၁၀-၂၀၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တွင် ၂၀၂၂-၂၀၂၃ ပထမနှစ်သင်တန်း ဝင်ခွင့် ခေါ်ယူနိုင်ရေးအတွက် လျှောက်လွှာပုံစံများ ထုတ်ပေးခြင်းနှင့် ပြန်လည်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိပြီး သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) တွင် ပထမနှစ်သင်တန်း ဝင်ခွင့်ရရှိသူများစာရင်းအား ၂၇-၁၀-၂၀၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တွင် Certificate in Business Law သင်တန်းကို Free Online Course အဖြစ် ၆-၁၀-၂၀၂၂ ရက်နေ့မှစတင်၍ (သင်တန်းကာလ (၃) လ) ဖွင့်လှစ်လျက်ရှိပြီး သင်တန်းသား (၇၀) ဦး တက်ရောက်လျက်ရှိပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်