၁၉၅၁ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့တွင် သမဝါယမနှင့် ကုန်စည်ဖြန့်ဖြူးရေး ဝန်ကြီးဌာနအဖြစ် လည်းကောင်း၊ ၁၉၆၂ ခုနှစ်၊ မတ်လ (၂၆) ရက်တွင် ထောက်ပံ့ရေးနှင့် သမဝါယမဝန်ကြီးဌာန အဖြစ်လည်းကောင်း ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ၁၉၆၅ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့တွင် ကုန်သွယ်ရေးဝန်ကြီးဌာန ဟူ၍ သီးခြားဝန်ကြီးဌာန ဖွဲ့စည်းတည်ထောင်သောအခါ ထောက်ပံ့ရေးနှင့် သမဝါယမဝန်ကြီးဌာနသည် သမဝါယမဝန်ကြီးဌာန အဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့တွင် သမဝါယမဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တို့ကို ပူးပေါင်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန အဖြစ် ဖွဲစည်းခဲ့သည်။ ၂၀၂၁ ခုနှစ် ဇွန်လ (၁၇) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာ စာအမှတ် (၁၄၀/၂၀၂၁)ဖြင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနအဖြစ် အသစ်ပြန်လည် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အသစ်ပြန်လည်ဖွဲ့စည်းခဲ့သော သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန လက်အောက်တွင် သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပါဝင်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးလှမိုး (၂၄.၆.၂၀၂၁ ရက်)နှင့် ဒုတိယဝန်ကြီးဖြစ်သူ ဦးမြင့်စိုးသည် (၄.၄.၂၀၂၂ ရက်) မှ (၃၁.၇.၂၀၂၅) ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ဒုတိယဝန်ကြီးအဖြစ် ဦးသိုက်စိုး (၆.၁၁.၂၀၂၅) တို့မှ စတင် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
ဆက်လက်ဖတ်ရှုရန်သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၏ နောက်ဆုံးရ သတင်းများကို ဖတ်ရှုပါ။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၏ နောက်ဆုံးရဆောင်းပါးများကို ဖတ်ရှုပါ။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်