ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမကောလိပ်များနှင့် ယွန်းပညာကောလိပ်
ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း
၁။ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် သမဝါယမကောလိပ်များနှင့် ယွန်းပညာကောလိပ်တွင် အောက်ပါဒီပလိုမာသင်တန်းများ ဖွင့်လှစ်ပါမည် -
(က) သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး)တို့မှ ပေးအပ်မည့် ဒီပလိုမာများမှာ -
(၁) Diploma in Social Enterprise Management (Dip. S.E.M)
(၂) Diploma in Regional Development (Dip. R.D)
(၃) Diploma in Business Accounting (Dip. B.Acct)
(၄) Diploma in Marketing Management (Dip. M.M)
(၅) Diploma in Applied Statistics (Dip. A.S)
(ခ) ယွန်းပညာကောလိပ် (ပုဂံ)မှ ပေးအပ်မည့် ဒီပလိုမာမှာ -
Diploma in Lacquerware Technology (Dip. L.T)
၂။ ဒီပလိုမာများအတွက် သင်တန်းကာလမှာ (၂)နှစ်စီဖြစ်ပါသည်။ သင်တန်းကာလ (၂)နှစ် ပြီးမြောက်အောင်မြင်သူများသည် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)နှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)တို့တွင် သက်ဆိုင်ရာအထူးပြုဘာသာရပ်အလိုက် တတိယနှစ် သင်တန်းသို့ တက်ရောက်ခွင့်ရှိသည်။
၃။ အဆိုပါသင်တန်းများသို့ လျှောက်ထားသူများသည် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်သူ (မည်သည့်ဘာသာတွဲဖြင့်မဆို) ဖြစ်ရမည်။
၄။ သမဝါယမကောလိပ်အသီးသီးသို့ လျှောက်ထားလာသူများအနက် ကောလိပ်အလိုက် လက်ခံနိုင်မည့် လူဦးရေသတ်မှတ်ချက်အရ တက္ကသိုလ်ဝင်စာမေးပွဲရမှတ်အပေါ် မူတည်၍ ရမှတ် အများအနည်းအလိုက် ရွေးချယ်သွားမည်ဖြစ်ပါသည်။
၅။ လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲတင်ပြရမည် -
(က) တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်မိတ္တူ (သို့မဟုတ်) အောင်ကြောင်း ထောက်ခံစာ မူရင်း
( ခ ) အမှတ်စာရင်းမူရင်း
( ဂ ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
၆။ သမဝါယမကောလိပ်များနှင့် ယွန်းပညာကောလိပ်(ပုဂံ)တို့၏ ပထမနှစ်သင်တန်းဝင်ခွင့် လျှောက်လွှာပုံစံကို ၁-၉-၂၀၂၆ ရက် (အင်္ဂါနေ့)မှစတင်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန Website https://www.mcrd.gov.mm ၊ သမဝါယမဦးစီးဌာန၏ Facebook Page ဖြစ်သည့် Cooperative Department, Director General Office နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန Website https://www.ssid.gov.mm တို့မှ Download ရယူဖြည့်စွက်၍ သမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနများ၏ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်ရုံးများမှ တစ်ဆင့် ပေးပို့၍ဖြစ်စေ၊ သမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနများ၏ ညွှန်ကြားရေးမှူးချုပ်ရုံး၊ သမဝါယမကောလိပ် (မန္တလေး) သင်တန်းရေးရာဌာန၊ သမဝါယမကောလိပ် (ဖောင်ကြီး) သင်တန်းရေးရာဌာနနှင့် ယွန်းပညာကောလိပ် (ပုဂံ) သင်တန်းရေးရာဌာနတို့သို့ လူကိုယ်တိုင် ဖြစ်စေ၊ စာတိုက်မှဖြစ်စေ စာရွက်စာတမ်း အပြည့်အစုံဖြင့် လျှောက်ထားရမည်။
၇။ သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး)နှင့် ယွန်းပညာကောလိပ် (ပုဂံ)တို့သို့ ပထမနှစ် သင်တန်းဝင်ခွင့်လျှောက်ထားခြင်းကို ၁-၉-၂၀၂၆ ရက် (အင်္ဂါနေ့)မှ ၃၀-၁၀-၂၀၂၆ ရက် (သောကြာနေ့) အထိ ရုံးချိန်အတွင်း လျှောက်ထားနိုင်ပါသည်။
၈။ ဝင်ခွင့်လျှောက်လွှာများတွင် ဖြည့်စွက်ထားသည့် အချက်များပြည့်စုံမှန်ကန်ခြင်းမရှိပါက ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။
၉။ ဝင်ခွင့်ရရှိသူများကို သမဝါယမကောလိပ် (မန္တလေး)၊ သမဝါယမကောလိပ် (ဖောင်ကြီး)နှင့် ယွန်းပညာကောလိပ်(ပုဂံ)တို့တွင် ကြေညာသွားမည်ဖြစ်ပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန Website https://www.mcrd.gov.mm ၊ သမဝါယမဦးစီးဌာန၏ Facebook Page ဖြစ်သည့် Cooperative Department, Director General Office နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန Website https://www.ssid.gov.mm တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ အသေးစိတ် သိလိုသော အချက်အလက်များကို ဖုန်းနံပါတ် ၀၆၇-၃၄၁၀၃၄၃၊ ၀၆၇-၃၄၁၀၂၇၃၊ ၀၉-၆၈၃၀၆၇၆၉၅၊ ၀၁-၈၆၂၆၀၇၄၊ ၀၆၁-၂၄၆၀၂၆၇ များသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်